22. ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ နှင့်အတူ ယုဒကျေးလက်သို့ကြွတော်မူ၏။ ထိုအရပ်တွင်တပည့်တော်တို့နှင့်အတူနေ တော်မူလျက်ဗတ္တိဇံမင်္ဂလာကိုပေးတော်မူ၏။-
23. ရှာလိမ်မြို့အနီးအဲနုန်အရပ်တွင်ရေများစွာ ရှိသဖြင့်ယောဟန်သည်လည်း ဗတ္တိဇံမင်္ဂလာ ပေးလျက်နေ၏။ လူတို့သည်ယောဟန်ထံ သို့လာ၍ဗတ္တိဇံမင်္ဂလာကိုခံယူကြ၏။-
24. (ထိုအခါကယောဟန်ထောင်မကျသေးချေ။)
25. ယောဟန်၏တပည့်အချို့တို့သည်သန့်ရှင်း ခြင်းမင်္ဂလာအကြောင်းနှင့်ပတ်သက်၍ ယုဒ အမျိုးသားတစ်ယောက်နှင့်အငြင်းပွား ကြ၏။-