16. သခင်ယေရှုက ``မာရိ'' ဟုခေါ်တော်မူ၏။ထိုအခါမာရိသည်လှည့်၍ ဟေဗြဲဘာသာ ဖြင့် ``ရဗ္ဗုနိ'' ဟုထူး၏။ (ရဗ္ဗုနိအနက်ကား အရှင်ဘုရားဟုဆိုလိုသတည်း။)
17. သခင်ယေရှုက ``ငါ့ကိုကိုင်ဆွဲ၍မထားနှင့်။ ငါသည်ခမည်းတော်၏ထံသို့မတက်ရသေး။ သို့သော်ငါ၏ညီများထံသို့သွား၍ငါ့အဖ တည်းဟူသောသင်တို့၏ဘုရားသခင်ထံတော် သို့ငါတက်သွားရမည့်အကြောင်းကိုပြောကြား လော့'' ဟုမိန့်တော်မူ၏။
18. သို့ဖြစ်၍မာဂဒလမြို့သူမာရိသည်တပည့် တော်တို့ထံသွား၍သခင်ဘုရားကိုမိမိတွေ့ မြင်ခဲ့ကြောင်းနှင့်ကိုယ်တော်မည်သို့မိန့်ကြား တော်မူလိုက်ကြောင်းကိုပြောပြ၏။
19. တပည့်တော်တို့သည်ယုဒအာဏာပိုင်တို့ကို ကြောက်သဖြင့်တနင်္ဂနွေနေ့ညဦးအချိန်၌ အိမ်တံခါးပိတ်၍စုဝေးနေကြ၏။ ထိုအခါ သခင်ယေရှုသည်ကြွလာတော်မူ၍ထိုသူတို့ အလယ်မှာရပ်တော်မူလျက် ``သင်တို့၌ငြိမ် သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော်မူ၏။-
20. သို့မိန့်တော်မူပြီးနောက်ကိုယ်တော်၏လက်တော် များနှင့်နံတော်ကိုတပည့်တော်တို့အားပြ တော်မူ၏။ တပည့်တော်တို့သည်သခင်ဘုရား ကိုတွေ့မြင်ရသောအခါဝမ်းမြောက်ကြ၏။-
21. ထိုနောက်တစ်ဖန်သခင်ယေရှုက ``သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူသင်တို့ကို ငါစေလွှတ်၏'' ဟုမိန့်တော်မူ၏။-
22. ဤသို့မိန့်တော်မူပြီးလျှင်ကိုယ်တော်သည် တပည့်တော်တို့အပေါ်သို့မှုတ်တော်မူလျက် ``သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူကြ လော့။-
23. သင်တို့သည်လူတို့၏အပြစ်များကိုဖြေလွှတ် လျှင်သူတို့သည်အပြစ်လွတ်ကြလိမ့်မည်။ သင် တို့မဖြေမလွှတ်လျှင်မူကားသူတို့အပြစ် ပြေလွတ်ကြလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။