ရှင်ယောဟန် 13:20-26 Common Language Bible (BCL)

20. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ငါ​စေ​လွှတ်​သော​သူ​ကို​လက်​ခံ​သူ​သည်​ငါ့ ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် လည်း​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို လက်​ခံ​၏'' ဟု​မိန့်​တော်​မူ​၏။

21. ဤ​သို့​မိန့်​တော်​မူ​ပြီး​သော​အ​ခါ​သ​ခင်​ယေ​ရှု သည်​ပြင်း​စွာ​စိတ်​ဒုက္ခ​ရောက်​တော်​မူ​၍ ``အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သင်​တို့ အ​နက်​တစ်​ယောက်​သော​သူ​သည်​ငါ့​ကို​ရန်​သူ့ လက်​သို့​အပ်​နှံ​လိမ့်​မည်'' ဟု​ပွင့်​လင်း​စွာ​မိန့် တော်​မူ​၏။

22. အ​ဘယ်​သူ​ကို​ရည်​ဆောင်​၍​မိန့်​တော်​မူ​သည် ကို​တ​ပည့်​တော်​တို့​တွေး​၍​မ​ရ​နိုင်​ကြ​သ​ဖြင့် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​ကြည့် ကြ​၏။-

23. ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ကိုယ်​တော်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​လျက်​နေ​၏။-

24. ရှိ​မုန်​ပေ​တ​ရု​က ``ကိုယ်​တော်​သည်​မည်​သူ့​ကို ဆို​လို​တော်​မူ​ပါ​သ​နည်း'' ဟု​မေး​လျှောက် ရန်​ထို​တ​ပည့်​အား​မျက်​ရိပ်​ပြ​၍​ခိုင်း​၏။

25. ထို​တ​ပည့်​တော်​သည် သ​ခင်​ယေ​ရှု​၏​အ​နီး သို့​ကပ်​ပြီး​လျှင် ``သ​ခင်၊ ထို​သူ​သည်​မည်​သူ ဖြစ်​ပါ​သ​နည်း'' ဟု​လျှောက်​၏။

26. သ​ခင်​ယေ​ရှု​က ``ဤ​မုန့်​တစ်​ဖဲ့​ကို​ဟင်း​ပန်း ကန်​တွင်​နှစ်​၍​ငါ​ပေး​သူ​သည်​ထို​သူ​ပင်​ဖြစ် ၏'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​မုန့်​တစ်​ဖဲ့​ကို ဟင်း​ပန်း​ကန်​တွင်​နှစ်​ပြီး​လျှင် ရှိ​မုန်​ရှ​ကာ​ရုတ် ၏​သား​ယု​ဒ​အား​ပေး​တော်​မူ​၏။-

ရှင်ယောဟန် 13