ရှင်ယောဟန် 10:1-3 Common Language Bible (BCL)

1. သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား သိုး​ခြံ​ထဲ​သို့​တံ​ခါး​ပေါက် က​မ​ဝင်​ဘဲ အ​ခြား​နည်း​ဖြင့်​ကျော်​ဝင်​သူ သည်​သူ​ခိုး​ဋ္ဌား​ပြ​ဖြစ်​၏။-

2. တံ​ခါး​ပေါက်​က​ဝင်​သူ​မူ​ကား​သိုး​ထိန်း​ဖြစ်​၏။-

3. သိုး​ထိန်း​အား​တံ​ခါး​စောင့်​သည်​တံ​ခါး​ဖွင့်​၍ ပေး​တတ်​၏။ သိုး​တို့​သည်​သူ​၏​အ​သံ​ကို​နား ထောင်​တတ်​ကြ​၏။ သူ​သည်​သိုး​တို့​ကို​နာ​မည် ဖြင့်​ခေါ်​၍​သိုး​ခြံ​မှ​ထုတ်​ဆောင်​တတ်​၏။-

14-15. ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ​၍ ငါ​သည်​လည်း​ခ​မည်း​တော် ကို​သိ​သ​ကဲ့​သို့ ငါ​သည်​သိုး​တို့​ကို​သိ​၍​သိုး တို့​သည်​လည်း​ငါ့​ကို​သိ​ကြ​၏။ ငါ​သည်​သိုး​များ အ​တွက်​အ​သက်​ကို​စွန့်​၏။-

ရှင်ယောဟန် 10