7. သူတို့သည်လူ့ပညတ်များကိုဘုရားဟော တရားသဖွယ်သင်ကြားပို့ချကြ၏။သို့ဖြစ်၍ငါ့အားသူတို့ဆည်းကပ်ကိုးကွယ်ခြင်း သည် အချည်းနှီးဖြစ်၏'ဟုဘုရားသခင်မိန့်တော်မူကြောင်းဖော်ပြချေ သည်။
8. ``သင်တို့သည်ဘုရားသခင်၏ပညတ်တော်ကို ပစ်ပယ်၍ လူတို့၏ထုံးတမ်းစဉ်လာများကိုလိုက် နာကြ၏'' ဟုမိန့်တော်မူ၏။
9. ဆက်လက်၍ကိုယ်တော်က``သင်တို့သည်မိမိတို့ ၏ထုံးတမ်းစဉ်လာများအတိုင်းကျင့်သုံးနိုင် ကြစေရန် ဘုရားသခင်၏ပညတ်တို့ကိုပစ် ပယ်ပုံမှာကျွမ်းကျင်လေစွတကား။-
10. `သင်၏မိဘကိုရိုသေမြတ်နိုးလော့။ မိဘကို ကျိန်ဆဲသောသူသည်သေဒဏ်ခံစေ' ဟုမောရှေ ကပညတ်ခဲ့၏။-
11. သို့သော်သင်တို့က `လူတစ်ဦးတစ်ယောက်သည် အဖသို့မဟုတ်အမိအားအကျိုးပြုစေမည့် ပစ္စည်းတစ်စုံတစ်ရာရှိသော်လည်း ယင်းပစ္စည်းကို `ကော်ဘန်' (ဘုရားသခင်အဖို့လှူပြီးပစ္စည်း ဖြစ်သည်) ဟုဆိုလျှင်၊-