ရှင်မာကု 6:27-32 Common Language Bible (BCL)

27. သို့​ဖြစ်​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ယူ​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​၍ ကိုယ်​ရံ​တော်​တပ်​သား​တစ်​ယောက်​ကို စေ​လွှတ်​လိုက်​၏။ တပ်​သား​သည်​အ​ကျဉ်း​ထောင်​သို့ သွား​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ဖြတ်​၏။-

28. ဦး​ခေါင်း​ကို​လင်​ပန်း​ပေါ်​တွင်​တင်​၍​ယူ​ဆောင် လာ​ပြီး​နောက် သူ​ငယ်​မ​အား​ပေး​၏။ သူ​ငယ်​မ သည်​လည်း​မိ​ခင်​အား​တစ်​ဆင့်​ပေး​၏။-

29. ယော​ဟန်​၏​တ​ပည့်​တို့​သည်​ဤ​သ​တင်း​ကို ကြား​သော​အ​ခါ လာ​၍​ယော​ဟန်​၏​အ​လောင်း ကို​ယူ​ပြီး​လျှင်​ဂူ​သွင်း​ထား​ကြ​၏။

30. တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ပြန်​လာ​ပြီး​လျှင် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ သွန်​သင်​ခဲ့​သ​မျှ​တို့​ကို​ကြား​လျှောက်​ကြ​၏။-

31. များ​စွာ​သော​လူ​တို့​သည်​ဝင်​ထွက်​သွား​လာ​လျက် ရှိ​ကြ​သ​ဖြင့် သ​ခင်​ယေ​ရှု​နှင့်​တ​မန်​တော်​တို့​သည် အ​စား​အ​စာ​သုံး​ဆောင်​ရန်​အ​ချိန်​ပင်​မ​ရ​ကြ။ ထို့​ကြောင့်​ကိုယ်​တော်​က ``ငါ​တို့​ဆိတ်​ကွယ်​ရာ အ​ရပ်​သို့​သွား​၍​ခေတ္တ​မျှ​နား​နေ​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​၏။-

32. သို့​ဖြစ်​၍​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ်​ခု​သို့​လှေ​ဖြင့်​ထွက် သွား​ကြ​၏။

ရှင်မာကု 6