39. ကိုယ်တော်၏ရှေ့တွင်ရပ်နေသူတပ်မှူးသည် ကိုယ် တော်အသက်ချုပ်တော်မူပုံကိုမြင်သဖြင့် ``ဤသူကားအကယ်ပင်ဘုရားသခင်၏ သားတော်ဖြစ်၏'' ဟုဆို၏။
40. အမျိုးသမီးအချို့တို့သည်အဝေးကရပ် လျက်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလရွာသူမာရိ၊ ယာကုပ်ငယ်နှင့် ယောသေတို့၏အမိဖြစ်သူမာရိနှင့်ရှာလုံ တို့ပါ၏။-
41. သူတို့သည်ကိုယ်တော်ဂါလိလဲပြည်တွင်ရှိ တော်မူခဲ့စဉ် နောက်တော်သို့လိုက်၍လုပ်ကျွေး သမှုပြုကြသူများဖြစ်၏။ သူတို့အပြင် ကိုယ်တော်နှင့်ယေရုရှလင်မြို့သို့လိုက်လာ သောအခြားအမျိုးသမီးများလည်းထို အရပ်တွင်ရှိနေကြ၏။