29. သခင်ယေရှုက `အို ဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူတည်းသောဘုရား ဖြစ်တော်မူ၏။-
30. သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ၊ ကိုယ်စွမ်း ရှိသမျှဖြင့်ချစ်ရမည်' ဟူသောပညတ်သည် ပထမအကြီးမြတ်ဆုံးပညတ်ဖြစ်၏။-
31. `အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ်ရမည်' ဟူ သောပညတ်သည်ဒုတိယအကြီးမြတ်ဆုံး ပညတ်ဖြစ်၏။ ဤပညတ်နှစ်ပါးထက်ပို၍ကြီး မြတ်သောပညတ်ကားမရှိ'' ဟုဖြေကြားတော် မူ၏။
32. ကျမ်းတတ်ဆရာက ``ဆရာတော်၊ အရှင်မိန့်တော်မူ ချက်သည်သင့်မြတ်လှပါ၏။ ထာဝရဘုရားသည် တစ်ဆူတည်းသာရှိတော်မူ၏။ ထာဝရဘုရားမှ တစ်ပါးအခြားဘုရားမရှိ။-
33. ဘုရားသခင်အားစိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိ သမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမည်။ အိမ်နီး ချင်းကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် နှစ်ပါးကိုလိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သည့်မီးရှို့ရာယဇ်နှင့်အခြားယဇ်အပေါင်း တို့ထက်ပို၍မြတ်ပါ၏'' ဟုကိုယ်တော်အား လျှောက်ထား၏။