10. တစ်ဖန်ကျမ်းစာတော်တွင်၊``လူမျိုးခြားတို့၊ကိုယ်တော်၏လူစုတော်နှင့် အတူ ရွှင်လန်းဝမ်းမြောက်ကြလော့''ဟူ၍လည်းကောင်း၊
11. ``လူမျိုးခြားအပေါင်းတို့၊ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးကူးကြလော့။လူမျိုးအပေါင်းတို့၊ကိုယ်တော်၏ ဂုဏ်တော်ကိုချီးကူးကြလော့''ဟူ၍လည်းကောင်းဖော်ပြပါရှိ၏။-
12. တစ်ဖန်ဟေရှာယက၊``ယေရှဲ၏သားမြေးတစ်ဦးသည်ပေါ်ထွန်း လာလိမ့်မည်။သူသည်လူမျိုးခြားတို့ကိုအုပ်စိုးတော်မူမည် ဖြစ်၍၊ထိုသူတို့သည်သူ့ကိုအားကိုးမျှော်လင့်ကြလိမ့်မည်''ဟုဖော်ပြ၏။-