ရု​သ 3:3-7 Common Language Bible (BCL)

3. သို့​ဖြစ်​၍​သင်​သည်​ကိုယ်​လက်​သုတ်​သင်​ပြီး လျှင် နံ့​သာ​အ​မွှေး​အ​ကြိုင်​များ​လူး​၍​အ​လှ ဆုံး​အ​ဝတ်​အ​စား​များ​ကို​ဝတ်​ဆင်​ကာ​သူ စ​ပါး​နယ်​ရာ​သို့​သွား​ပါ​လော့။ သို့​ရာ​တွင် ထို​အ​ရပ်​သို့​သင်​ရောက်​ရှိ​နေ​ကြောင်း​ကို သူ စား​သောက်​ပြီး​သည်​တိုင်​အောင်​သူ့​အား အ​သိ​မ​ပေး​နှင့်။-

4. သူ​အိပ်​စက်​ရန်​လဲ​လျောင်း​သည့်​နေ​ရာ​ကို​မှတ် သား​ထား​လော့။ သူ​အိပ်​ပျော်​သွား​သော​အ​ခါ ကျ​မှ​သွား​၍​စောင်​ကို​မ​ပြီး​လျှင် သူ​၏​ခြေ ရင်း​တွင်​ဝင်​၍​လဲ​လျောင်း​နေ​ပါ​လေ။ သင့်​အား အ​ဘယ်​သို့​ပြု​စေ​လို​သည်​ကို​သူ​ပြော​ပြ ပါ​လိမ့်​မည်'' ဟု​ဆို​၏။

5. ရု​သ​က​လည်း``မိ​ခင်​မှာ​ထား​သ​မျှ​အ​တိုင်း ကျွန်​မ​ပြု​ပါ​မည်'' ဟု​ပြန်​ပြော​၏။

6. ထို​နောက်​ရု​သ​သည်​ကောက်​နယ်​တ​လင်း​သို့ သွား​၍ မိ​မိ​၏​ယောက္ခ​မ​မှာ​ကြား​လိုက်​သည် အ​တိုင်း​ပြု​၏။-

7. ဗော​ဇ​သည်​စား​သောက်​၍​ပြီး​သော​အ​ခါ​စိတ် ရွှင်​ပြ​လျက် စ​ပါး​ပုံ​ရှိ​ရာ​သို့​သွား​၍​အိပ် လေ​သည်။ ရု​သ​သည်​သူ​၏​ထံ​သို့​တိတ်​တ ဆိတ်​ချဉ်း​ကပ်​၍ စောင်​ကို​မ​ပြီး​လျှင်​သူ​၏ ခြေ​ရင်း​တွင်​လဲ​လျောင်း​လိုက်​၏။-

ရု​သ 3