ယေ​ရ​မိ 5:23-27 Common Language Bible (BCL)

23. သို့​ရာ​တွင်​အ​ချင်း​လူ​တို့၊ သင်​တို့​သည်​ခေါင်း​မာ​ပုန်​ကန်​ကာ​လမ်း​လွဲ​၍​ငါ​၏​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လေ​ပြီ။-

24. ရာ​သီ​အ​လိုက်၊ မိုး​ဦး​မိုး​နှောင်း​ကို​ရွာ​သွန်း​စေ​လျက်၊ နှစ်​စဉ်​အ​သီး​အ​နှံ​ရိတ်​သိမ်း​ရာ​ကာ​လ​ကို​စီ​မံ​တော်​မူ​သော​ငါ့​အား သင်​တို့​မ​ကြောက်​ရွံ့​မ​ရို​သေ​ကြ။-

25. သင်​တို့​၏​အ​မှား​များ​နှင့်​အ​ပြစ်​ဒု​စ​ရိုက်​က ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​တား​ဆီး​လျက်​သင်​တို့​ထံ​မှ​လွှဲ​ရှောင်​သွား​စေ​လေ​ပြီ။

26. ``ငါ​၏​လူ​မျိုး​တော်​အ​ထဲ​၌ ဆိုး​ညစ်​သူ​များ​ရှိ​၏။ သူ​တို့​သည်​ထောင်​ချောက်​ဖြင့်​ငှက်​ဖမ်း​သူ​များ​ကဲ့​သို့​လူ​ကို​ဖမ်း​ရန်​ချောင်း​မြောင်း​ကြ​၏။-

27. မု​ဆိုး​သည်​မိ​မိ​၏​လှောင်​အိမ်​ကို​ငှက်​များ​ဖြင့်​ပြည့်​စေ​သ​ကဲ့​သို့ ထို​သူ​တို့​သည်​မိ​မိ​တို့​နေ​အိမ်​များ​ကို​တိုက်​ရာ​ပါ​ပစ္စည်း​များ​ဖြင့်​ပြည့်​စေ​ကြ​လေ​ပြီ။ ထို့​ကြောင့်​သူ​တို့​သည်​တန်​ခိုး​ကြီး​မား​၍​ချမ်း​သာ​ကြွယ်​ဝ​ကြ​၏။-

ယေ​ရ​မိ 5