1. မောဘပြည်ကိုရည်မှတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူသည်ကားဤသို့ တည်း။``နေဗောမြို့သူမြို့သားတို့အားကရုဏာ သက်ကြလော့။သူတို့၏မြို့သည်ပျက်စီး၍သွားလေပြီ။ကိရယသိမ်မြို့သည်ဖမ်းဆီးသိမ်းယူခြင်း ကိုခံ၍၊ ထိုမြို့၏ခံတပ်များသည်ဖြိုပျက်လျက်မြို့သူမြို့သားတို့သည်လည်းအရှက်ကွဲရ ကြ၏။
2. မောဘပြည်၏ဘုန်းအသရေသည်ကွယ် ပျောက်၍ သွားလေပြီ။ရန်သူတို့သည်ဟေရှဘုန်မြို့ကိုသိမ်းယူ၍ မောဘ နိုင်ငံကိုသုတ်သင်ဖျက်ဆီးရန်ကြံစည်လျက် ရှိ၏။မာဒမေနမြို့သည်ဆိတ်ငြိမ်၍နေလိမ့်မည်။စစ်သည်တပ်သားတို့သည်ထိုမြို့ကိုချီတက် တိုက်ခိုက်ကြလိမ့်မည်။