ယေ​ရ​မိ 46:6-8 Common Language Bible (BCL)

6. လျင်​မြန်​စွာ​ပြေး​သူ​တို့​သည်​မ​လွတ်​နိုင်။စစ်​သူ​ရဲ​တို့​သည်​မ​လွတ်​မြောက်​နိုင်။သူ​တို့​သည်​မြောက်​ဘက်​ဒေ​သ၊ဥ​ဖ​ရတ် မြစ် အ​နီး​တွင်​ခြေ​ချော်​၍​လဲ​ကြ​ကုန်​၏။

7. ရေ​လျှံ​သော​မြစ်​ကဲ့​သို့​လည်း​ကောင်း၊ နိုင်း​မြစ်​ရေ​ကဲ့​သို့​လည်း​ကောင်း၊ချီ​တက်​လာ​သူ​ကား​အ​ဘယ်​သူ​နည်း။

8. ရေ​လျှံ​သော​မြစ်​ကဲ့​သို့​လည်း​ကောင်း၊ နိုင်း​မြစ်​ရေ​ကဲ့​သို့​လည်း​ကောင်းချီ​တက်​လာ​သူ​မှာ​အီ​ဂျစ်​နိုင်​ငံ​ဖြစ်​ပေ သည်။အီ​ဂျစ်​နိုင်​ငံ​က`ငါ​သည်​ချီ​တက်​၍​ကမ္ဘာ​ကို လွှမ်း​မိုး​မည်။မြို့​များ​နှင့်​မြို့​သူ​မြို့​သား​တို့​အား​ဖျက်​ဆီး​မည်။

ယေ​ရ​မိ 46