11. ဣရှမေလကူးလွန်သည့်ရာဇဝတ်မှုများ အကြောင်းကို ကာရာ၏သားယောဟနန်နှင့် တပ်မတော်ခေါင်းဆောင်များကြားသိကြ သောအခါ၊-
12. မိမိတို့တပ်သားများကိုခေါ်၍ ဣရှမေလ ကိုတိုက်ခိုက်ရန်ထွက်သွားကြရာဂိဘောင်မြို့ အနီးရေကန်ကြီးတွင်သူ့အားလိုက်၍မီ ကြ၏။-
13. ဣရှမေလ၏သုံ့ပန်းများသည်ယောဟနန် ကိုလည်းကောင်း၊ သူနှင့်ပါလာသည့်တပ်မ တော်ခေါင်းဆောင်များကိုလည်းကောင်း မြင် သောအခါဝမ်းမြောက်ကြကုန်လျက်၊-
14. ယောဟနန်ရှိရာသို့လှည့်၍ပြေးလာကြလေ သည်။-
15. သို့ရာတွင်ဣရှမေလနှင့် သူ၏လူရှစ်ယောက်တို့ မူကား ယောဟနန်ထံမှတိမ်းရှောင်ကာအမ္မုန် ပြည်သို့လွတ်မြောက်သွားကြ၏။