9. သို့ရာတွင်ငြိမ်းချမ်းသာယာမှုရှိလိမ့်မည် ဟုကြိုတင်ဟောကြားသည့်ပရောဖက်ကို မူ သူ၏စကားမှန်လျက်နေသည်ကိုတွေ့ရှိ ရသောအခါမှသာလျှင် သူသည်ထာဝရ ဘုရားအမှန်ပင်စေလွှတ်တော်မူသော ပရောဖက်ဖြစ်ကြောင်းအသိအမှတ် ပြုနိုင်ပါလိမ့်မည်'' ဟုဆို၏။
10. ထိုအခါဟာနနိသည်ငါ၏လည်ဂုတ် ပေါ်မှထမ်းပိုးကိုဖြုတ်ယူ၍ အပိုင်းပိုင်း ချိုးပစ်ပြီးလျှင်၊-
11. လူအပေါင်းတို့၏ရှေ့၌ငါ့အား``လူမျိုးတကာ တို့အပေါ်သို့နေဗုခဒ်နေဇာမင်းတင်သော ထမ်းပိုးကို ဤနည်းအတိုင်းပင်ချိုးပစ်တော် မူမည်။ နှစ်နှစ်အတွင်းဤအမှုကိုဖြစ်ပွား စေတော်မူမည်ဟု ထာဝရဘုရားမိန့်တော် မူပါ၏'' ဟုပြော၏။ ထိုအခါငါသည် ထွက်ခွာခဲ့၏။
12. ကာလအနည်းငယ်ကြာသောအခါ ထာဝရဘုရားသည်ငါ့အား၊-
13. ဟာနနိထံသို့သွား၍``သင်သည်သစ်သားထမ်း ပိုးကိုချိုးပစ်နိုင်စွမ်းရှိသော်လည်း ကိုယ်တော် သည်သံထမ်းပိုးဖြင့်အစားထိုးတော်မူမည်။-
14. ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် လူမျိုး တကာတို့အပေါ်သို့သံထမ်းပိုးကိုတင် တော်မူမည်ဖြစ်၍ ထိုသူတို့သည်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာ၏အစေကိုခံရကြ လိမ့်မည်ဟုမိန့်တော်မူလေပြီ။ ထာဝရဘုရား ကတောတိရစ္ဆာန်များအားပင်လျှင်နေဗုခဒ် နေဇာ၏အစေကိုခံစေမည်ဟုမိန့်တော်မူ လေပြီ'' ဟုပြောကြားရန်စေခိုင်းတော်မူ၏။-