ယေ​ရ​မိ 27:8-12 Common Language Bible (BCL)

8. သို့​ရာ​တွင်​ဘယ်​လူ​မျိုး​သို့​မ​ဟုတ်​ဘယ် နိုင်​ငံ​သည် ထို​မင်း​၏​အုပ်​စိုး​မှု​ကို​မ​ခံ​ဘဲ နေ​လျှင် ထို​လူ​မျိုး​အား​နေ​ဗု​ခဒ်​နေ​ဇာ မ​ဖျက်​ဆီး​မီ​တိုင်​အောင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အ​နာ ရော​ဂါ​ဘေး​တို့​ဖြင့်​ငါ​သည်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည်။-

9. အိပ်​မက်​အ​နက်​ဖွင့်​သူ​များ၊ လူ​သေ​ဝိ​ညာဉ် များ​ကို​ခေါ်​ယူ​၍ မှော်​အ​တတ်​အား​ဖြင့် အ​နာ​ဂတ်​ကို​ဟော​နိုင်​သည်​ဟု​ဆို​သူ​များ၊ သို့​မ​ဟုတ်​သင်​တို့​၏​ပ​ရော​ဖက်​များ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ​တို့ အား​လုံး​ပင်​လျှင်​သင်​တို့​အား​ဗာ​ဗု​လုန် ဘု​ရင်​၏​အ​စေ​ကို​မ​ခံ​ရန်​ပြော​ကြား ကြ​၏။-

10. သူ​တို့​သည်​သင်​တို့​အား​လိမ်​လည်​ဟော​ပြော လျက်​နေ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​မိ​မိ တို့​ပြည်​မှ​ရပ်​ဝေး​သို့​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ ငါ​သည်​လည်း​သင်​တို့​ကို​နှင်​ထုတ် မည်။ သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ကြ​လိမ့် မည်။-

11. သို့​သော်​အ​ကြင်​လူ​မျိုး​သည်​ဗာ​ဗု​လုန်​ဘု​ရင် ၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​၍​သူ​၏​အ​စေ ကို​ခံ​၏။ ထို​လူ​မျိုး​အား​ငါ​သည်​မိ​မိ​တို့​တိုင်း ပြည်​တွင် ထွန်​ယက်​လုပ်​ကိုင်​နေ​ထိုင်​ခွင့်​ကို​ပေး တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။

12. ငါ​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​အား​လည်း အ​ထက်​ပါ​အ​တိုင်း​လျှောက်​၏။ ငါ​က``အ​ရှင် သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​ပါ​လော့။ ထို​ဘု​ရင်​နှင့်​သူ​၏​အ​မျိုး သား​များ​၏​အ​စေ​ကို​ခံ​ပါ​မူ​အ​သက်​ချမ်း သာ​ရာ​ရ​ပါ​လိမ့်​မည်။-

ယေ​ရ​မိ 27