12. ဣသရေလအမျိုးသားတို့သည်ပြည်ရွာ သန့်ရှင်းမှုအတွက် လူသေအလောင်းများ ကိုခုနစ်လပတ်လုံးသင်္ဂြိုဟ်ရကြလိမ့်မည်။-
13. ပြည်သူပြည်သားအပေါင်းတို့သည်ကူညီ ၍သင်္ဂြိုဟ်ကြလိမ့်မည်။ သို့ဖြစ်၍သူတို့သည် ငါ၏ဘုန်းတော်ထင်ရှားသည့်နေ့၌ ဂုဏ်ပြု ချီးမြှင့်ခြင်းကိုခံရကြလိမ့်မည်။ ဤကား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။-
14. ခုနစ်လကာလကုန်ဆုံးသွားသောအခါ အရပ်ရပ်သို့လှည့်လည်၍ ကြွင်းကျန်နေသေး သောလူသေအလောင်းများကိုရှာဖွေသင်္ဂြိုဟ် စေရန်အတွက် လူတို့ကိုရွေးချယ်ခန့်ထား ကြလိမ့်မည်။ ဤနည်းအားဖြင့်ပြည်ရွာကို စင်ကြယ်စေကြလိမ့်မည်။-
15. ထိုသူတို့သည်ပြည်ရွာကိုအစုန်အဆန် သွားလာလျက်လူရိုးများကိုတွေ့ရှိသည့် အခါတိုင်း ဂေါဂတပ်မတော်ချိုင့်ဝှမ်းတွင် မြှုပ်နှံမည့်သူများရောက်ရှိလာချိန်တိုင် အောင်မှတ်တိုင်များကိုစိုက်ထားကြလိမ့် မည်။-
16. (ထိုချိုင့်ဝှမ်းအနီးတွင်တပ်မတော်နာမည် ကိုယူ၍မှည့်ခေါ်ထားသည့်မြို့ရှိသတည်း။) သို့ဖြစ်၍ပြည်ရွာပြန်လည်စင်ကြယ်လာ လိမ့်မည်'' ဟုမိန့်တော်မူ၏။