32. ဣသရေလအမျိုးသားတို့၊ ငါသည်သင် တို့ကိုထောက်ထား၍ ဤအမှုတို့ကိုပြု ခြင်းမဟုတ်ကြောင်းသင်တို့အားသိစေ လို၏။ သင်တို့ယခုပြုနေသောအမှုများ အတွက်အရှက်ရစေလို၏။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
33. အရှင်ထာဝရဘုရားက``သင်တို့ကို အပြစ်အပေါင်းမှသန့်စင်စေသည့်ကာလ ၌ ငါသည်သင်တို့အားမိမိတို့မြို့များ တွင်ပြန်လည်နေထိုင်ခွင့်ပေးမည်။ ပျက်စီး ယိုယွင်းသောအရာများကိုလည်းပြန် လည်တည်ဆောက်ခွင့်ပေးမည်။-
34. အနီးမှဖြတ်သန်းသွားလာသူတို့မြင် ရသောပေါင်းပင်များထနေသည့်လယ် ယာများကိုတစ်ဖန်ထွန်ယက်စေမည်။-