10. ငါအရှင်ထာဝရဘုရားသည်သင်တို့၏ ရန်သူဖြစ်၍ ငါ၏သိုးတို့သည်သင့်တာဝန် ဖြစ်ကြောင်းအတိအလင်းကြေညာ၏။ ငါ သည်မိမိ၏သိုးများကိုသင်တို့ထံမှသိမ်း ယူမည်။ အဘယ်အခါ၌မျှသင်တို့သည် သူတို့အားထိန်းကျောင်းခွင့်နှင့် မိမိတို့ကိုယ် ကိုသာလျှင်ကြည့်ရှုပြုစုခွင့်ကိုငါပေး တော့မည်မဟုတ်။ သိုးတို့သည်သင်တို့၏ အစာမဖြစ်အောင် ငါသည်မိမိသိုးတို့ ကိုသင်တို့လက်မှကယ်ဆယ်မည်။
11-12. ``သင်တို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ကစဥ့်ကရဲဖြစ်ပြီးနောက် ပြန်လည်စုသိမ်းရရှိသည့်သိုးတို့ကိုသိုး ထိန်းသည်စောင့်ထိန်းကြည့်ရှုသကဲ့သို့ ငါ သည်မိမိ၏သိုးတို့ကိုလိုက်လံရှာဖွေကာ စောင့်ထိန်းကြည့်ရှုမည်။ မိုးအမှောင်ကျသည့် နေ့ရက်၌သူတို့ကစဥ့်ကရဲဖြစ်၍သွား ရာအရပ်ရပ်မှငါသည်သူတို့အားပြန် လည်ခေါ်ခဲ့မည်။-
13. နိုင်ငံရပ်ခြားများမှ စုသိမ်းပြီးလျှင်သူ တို့အား မိမိတို့နေရင်းပြည်သို့ပြန်လည် ခေါ်ခဲ့မည်။ ငါသည်သူတို့အားဣသရေလ တောင်များနှင့်မြစ်ချောင်းများသို့ပို့ဆောင် ၍သာယာသောစားကျက်များ၌ကျွေး မွေးမည်။-
14. တောင်ပေါ်မြက်ခင်းများ၊ ဣသရေလပြည် စိမ်းလန်းသောစားကျက်များတွင်ကျက်စား စေမည်။ ကောင်းသောစားကျက်များတွင်လဲ လျောင်းစေ၍ စိမ်းလန်းသောစားကျက်များ တွင်ကျက်စားစေမည်။-