16. ဤသို့ကြပ်တည်းစွာငါသတိပေးသော စကားများသည်ငိုချင်းဖြစ်လာလိမ့်မည်။ အမျိုးသမီးတို့သည်အီဂျစ်ပြည်နှင့်ထို ပြည်သားအပေါင်းတို့အတွက်ငိုကြွေးမြည် တမ်းကာ ထိုငိုချင်းကိုသီဆိုကြလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏'' ဟုမိန့် တော်မူ၏။
17. ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်နှစ်နှစ် မြောက်၊ ပထမလ၊ လဆန်းတစ်ဆယ့်ငါးရက် နေ့၌ထာဝရဘုရား၏နှုတ်ကပတ်တော် သည်ငါ့ထံသို့ရောက်လာ၏။-
18. ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ပြည်မှ မြောက်မြားစွာသောလူအပေါင်းတို့အတွက် ငိုကြွေးမြည်တမ်းလော့။ သူမကိုအခြားတန် ခိုးကြီးသူလူမျိုးများ၏သမီးပျိုများ နှင့်အတူ မရဏာနိုင်ငံသို့ပို့ဆောင်လော့။