31. သင်သည်အစ်မဖြစ်သူ၏ခြေရာကိုနင်းသ ဖြင့် ငါသည်သူ့အားသောက်စေသောအပြစ် ဒဏ်ဖလားကိုသင့်အားလည်းသောက်စေမည်'' ဟူ၍တည်း။
32. အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ``သင်သည်အစ်မဖြစ်သူ၏ဖလားမှ သောက်ရလိမ့်မည်။ထိုဖလားသည်ကြီး၍စောက်နက်၏။သင်သည်လူတိုင်းတို့၏မထီမဲ့မြင်ပြုခြင်း၊ ပြောင်လှောင်ခြင်းကိုခံရလိမ့်မည်။ဖလားသည်ပြည့်၍နေ၏။
33. ယင်းသည်သင့်အားစိတ်ဆင်းရဲအောင်ပြု၍ မူးယစ်စေလိမ့်မည်။ကြောက်လန့်မှုနှင့်ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေတတ်သည့်ဖလား၊သင့်အစ်မရှမာရိ၏ဖလားဖြစ်သည်။
34. သင်သည်ယင်းကိုအကုန်အစင်သောက်ပြီးမှ အစိတ်စိတ်အမြွှာမြွှာခွဲ၍ဖလား၏အစအနများဖြင့်မိမိ၏ရင်သားကို လှီးဖြတ်လိမ့်မည်။ဤကားငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟူ၍တည်း။