15. ယင်းသည်ငါ၏လူမျိုးတော်အားနှလုံးတုန် စေ၍ ယိမ်းယိုင်ပြိုလဲစေ၏။ လျှပ်ပြက်သကဲ့ သို့ပြောင်လက်၍ခုတ်ဖြတ်ရန်အသင့်ရှိသော ဋ္ဌားဖြင့် ငါသည်သူတို့၏မြို့တံခါးတို့တွင် သတ်ဖြတ်ရန်ထိုဋ္ဌားကိုထားရှိမည်။-
16. အချင်းထက်မြက်သောဋ္ဌား၊ ဘယ်ညာမရွေး ခုတ်ဖြတ်လော့။ ဦးတည်ရာခုတ်ဖြတ်လော့။-
17. ငါသည်လည်းလက်ခုပ်တီးမည်။ ထိုနောက်ငါ ၏အမျက်တော်ပြေမည်။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားပင်ဖြစ်၏'' ဟူ ၍တည်း။
18. ထာဝရဘုရားသခင်၏နှုတ်ကပတ်တော် သည် ငါ့ထံသို့ရောက်လာ၏။-
19. ကိုယ်တော်က``အချင်းလူသား၊ ဗာဗုလုန်မင်း တိုက်ခိုက်ရန်ဋ္ဌားကိုကိုင်၍ လာနိုင်သည့်လမ်း နှစ်လမ်းကိုမှတ်သားလော့။ ထိုလမ်းနှစ်လမ်း စလုံးပင်တိုင်းပြည်တစ်ခုတည်းမှအစ ပြုရမည်။ ထိုမြို့သို့ခွဲသွားသည့်လမ်းခွ တွင်မှတ်တိုင်များစိုက်ထားလော့။-
20. ဖျက်ဆီးမည့်ဋ္ဌားလာရောက်ရန်မှတ်တိုင်တစ် တိုင်သည် အမ္မုန်ပြည်ရဗ္ဗတ်မြို့သို့လမ်းညွှန် လျက် အခြားတစ်တိုင်မှာယုဒပြည်ခိုင်ခံ့ သောယေရုရှလင်မြို့သို့လမ်းညွှန်ရမည်။-
21. ဗာဗုလုန်မင်းသည်လမ်းဆုံ၊ လမ်းဝသို့ရောက် သောအခါ ရပ်၍အဘယ်လမ်းကိုလိုက်ရမည် ကိုသိနိုင်ရန်မြားတို့ကိုလှုပ်၍မဲချ၏။ သူ ၏ရုပ်တုတို့ကိုမေးမြန်း၏။ တိရစ္ဆာန်အသည်း ကိုလည်းကြည့်၏။-
22. ထိုအခါ`ယေရုရှလင်' ဟုရေးမှတ်ထားသော နိမိတ်ပြမြားသည် သူ၏ညာဘက်လက်တွင်း သို့ရောက်ရှိ၏။ ထိုမြားကသူ့အားမြို့ရိုးဖြို ရန်တုံးမောင်းများကိုသွားရောက်တပ်ဆင်ကာ သတ်ရန်အမိန့်ပေးလျက်စစ်တိုက်သံများ ကိုကြွေးကြော်ရန်လည်းကောင်း၊ တံခါးထု ဖွင့်ရန်တုံးမောင်းကိုလည်းကောင်း မြေကတုတ် များဖို့၍ကတုတ်ကျင်းများကိုတူးရန် လည်းကောင်းညွှန်ပြ၏။-