1-2. လေဝိအနွယ်မိသားစုခေါင်းဆောင်တို့သည် ခါနာန်ပြည်၊ ရှိလောမြို့နေယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်အပေါင်းတို့၏မိသားစုအကြီးအကဲ တို့ထံသို့ချဉ်းကပ်၍``ထာဝရဘုရားသည် အကျွန်ုပ်တို့နေထိုင်ရန်မြို့များနှင့်အကျွန်ုပ် တို့၏သိုးနွားများအတွက် ယင်းမြို့များပတ် ဝန်းကျင်ရှိစားကျက်များကိုသတ်မှတ်ပေး ရမည်ဟူ၍ မောရှေမှတစ်ဆင့်မိန့်မှာတော် မူခဲ့ပါသည်'' ဟုလျှောက်ထားကြ၏။-
3. ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မိမိတို့ရရှိသောနယ်မြေထဲမှမြို့များ နှင့်စားကျက်များကိုလေဝိအနွယ်ဝင်တို့ အားခွဲဝေသတ်မှတ်ပေးကြလေသည်။
4. လေဝိအနွယ်ဝင်ကောဟတ်သားချင်းစုတို့ အတွက် မြို့များကိုဦးစွာခွဲဝေသတ်မှတ် ပေးကြသည်။ ထိုသို့ခွဲဝေပေးရာ၌ယဇ် ပုရောဟိတ်အာရုန်မှဆင်းသက်သောလေဝိ အနွယ်ဝင်တို့အတွက် မြို့တစ်ဆယ့်သုံးမြို့ ကိုယုဒနယ်မြေ၊ ရှိမောင်နယ်မြေ၊ ဗင်္ယာမိန် နယ်မြေထဲမှသတ်မှတ်ပေးကြသည်။-
14-15. ယတ္တိရမြို့၊ ဧရှတေမောမြို့၊- ဟောလုန်မြို့၊ ဒေဗိရမြို့၊-
38-39. သူတို့သည်ဂဒ်နယ်မြေမှမြို့လေးမြို့ကိုရရှိ ကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစားကျက် များအပါအဝင်ဂိလဒ်ပြည်ရှိရာမုတ်မြို့(ခို လှုံရာမြို့တစ်မြို့၊) မဟာနိမ်မြို့၊ ဟေရှဘုန်မြို့၊ ယာဇာမြို့တို့ဖြစ်ကြ၏။-