ယော​ရှု 2:14-17 Common Language Bible (BCL)

14. ထို​အ​ခါ​သူ​တို့​က ``ငါ​တို့​သည်​က​တိ​မ​တည်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သတ်​ပါ​စေ​သား။ သင်​သည်​ငါ​တို့​လာ​ရောက်​သည့်​ကိစ္စ ကို​မ​ပေါက်​ကြား​စေ​လျှင် ဤ​ပြည်​ကို​ထာ​ဝ​ရ ဘု​ရား​ငါ​တို့​အား​ပေး​သ​နား​တော်​မူ​သော အ​ခါ ငါ​တို့​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု မည်​ဟု​ကတိ​ပြု​ပါ​၏'' ဟူ​၍​ပြန်​ပြော​လေ​သည်။

15. ရာ​ခပ်​သည်​မြို့​ရိုး​နှင့်​ကပ်​၍​ဆောက်​ထား​သော အိမ်​တွင်​နေ​ထိုင်​သ​ဖြင့် သူ​တို့​ကို​ပြူ​တင်း​ပေါက် မှ​ကြိုး​ဖြင့်​မြို့​ပြင်​သို့​လျှော​ချ​လိုက်​လေ​သည်။ ရာ​ခပ်​က ``မင်း​ကြီး​စေ​လွှတ်​လိုက်​သူ​များ​သင် တို့​ကို​ရှာ​၍​မ​တွေ့​စေ​ရန် တောင်​ပေါ်​သို့​ပြေး​၍​သုံး​ရက်​ပုန်း​အောင်း​နေ​ကြ​လော့။-

16. သင်​တို့​ကို​လိုက်​ရှာ​သော​သူ​များ​ပြန်​လာ​မှ သင်​တို့​ခ​ရီး​ဆက်​သွား​ကြ​ပါ'' ဟု​မှာ​လိုက်​လေ​သည်။

17. ထို​အ​ခါ​သူ​တို့​က``ငါ​တို့​သည်​သင့်​အား ပေး​သော​က​တိ​တည်​စေ​မည်။-

ယော​ရှု 2