ယောဘဝတ္တု။ 41:5-9 Common Language Bible (BCL)

5. ငှက်နှင့်ကစားသကဲ့သို့ သူနှင့်ကစားမည်လော။ သင်၏မိန်းမကလေးတို့အဘို့ သူ့ကိုချည်နှောင်မည်လော။

6. သင်၏အပေါင်းအဘော်တို့သည် သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်တို့တွင် ဝေကြလိမ့်မည်လော။

7. သူ၏အရေကို မှိန်းနှင့်၎င်း၊ သူ၏ခေါင်းကို ငါးထိုးသောလှံနှင့်၎င်း၊ အနှံ့အပြားထိုးဖောက်နိုင် သလော။

8. သူ့အပေါ်မှာ လက်တင်ရုံမျှသာ ပြုပါ။ သူ့ကို တိုက်မည်အကြံကို နောက်တဖန်မအောက်မေ့ရ။

9. တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီး ထင်၏။ မြင်ကာမျှနှင့် စိတ်မပျက်သလော။

ယောဘဝတ္တု။ 41