ယောဘဝတ္တု။ 17:6-9 Common Language Bible (BCL)

6. ငါ့ကို သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရွံ့ကြ၏။

7. ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိ မှုန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။

8. ဖြောင့်မတ်သော သူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ်ကင်းလွတ်သော သူတို့သည် အဓမ္မလူများတဘက်က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည်။

9. ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။

ယောဘဝတ္တု။ 17