ယာ​ကုပ် 5:10-16 Common Language Bible (BCL)

10. ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍​ဟော​ပြော​ခဲ့​ကြ​သော​ပ​ရော​ဖက် တို့​၏​အ​ကြောင်း​ကို​သ​တိ​ရ​လော့။ ဆင်း​ရဲ​ဒုက္ခ ရောက်​သော​အ​ခါ​သူ​တို့​တွင်​ခံ​နိုင်​ရည်​ရှိ​ပုံ​ကို စံ​န​မူ​နာ​ယူ​ကြ​လော့။-

11. သူ​တို့​သည်​ခံ​နိုင်​ရည်​ရှိ​သူ​များ​ဖြစ်​သ​ဖြင့် သူ​တို့​အား​မင်္ဂ​လာ​ရှိ​သူ​များ​ဟူ​၍​ငါ​တို့ ခေါ်​ကြ​၏။ ယော​ဘ​မည်​သို့​ခံ​နိုင်​ရည်​ရှိ​သည် ကို​သင်​တို့​ကြား​သိ​ခဲ့​ကြ​လေ​ပြီ။ နောက်​ဆုံး​၌ သူ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​ကြည့်​ရှု တော်​မူ​ကြောင်း​ကို​လည်း​သင်​တို့​သိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား သည် သ​နား​ကြင်​နာ​တော်​မူ​၍​က​ရု​ဏာ တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သော​ကြောင့်​တည်း။

12. ငါ့​ညီ​အစ်​ကို​တို့၊ အ​ထူး​သ​ဖြင့်​ကျိန်​ဆို​မှု ကို​မ​ပြု​ကြ​နှင့်။ ကောင်း​ကင်​ဘုံ​သို့​မ​ဟုတ် ကမ္ဘာ​မြေ​ကြီး​ကို​တိုင်​တည်​၍​မ​ကျိန်​ဆို​နှင့်။ အ​ဘယ်​အ​ရာ​ကို​မျှ​တိုင်​တည်​၍​မ​ကျိန်​ဆို နှင့်။ သင်​တို့​စ​ကား​သည်​ဟုတ်​လျှင်​ဟုတ်​သည် ဟူ​၍​လည်း​ကောင်း၊ မ​ဟုတ်​လျှင်​မ​ဟုတ်​ဟူ​၍ လည်း​ကောင်း​ဖြစ်​စေ​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​တရား​စီ​ရင် တော်​မူ​ခြင်း​နှင့်​ကင်း​လွတ်​ကြ​လိမ့်​မည်။

13. သင်​တို့​တွင်​ဒုက္ခ​ရောက်​လျက်​နေ​သော​သူ​သည် ဆု​တောင်း​စေ။ စိတ်​ရွှင်​လန်း​သူ​သည်​သီ​ချင်း ဆို​စေ။-

14. ဖျား​နာ​သူ​သည်​အ​သင်း​တော်​ကို​အုပ်​ထိန်း​သူ လူ​ကြီး​များ​အား​ဖိတ်​ခေါ်​စေ။ သူ​တို့​သည်​သခင် ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လူ​နာ အား​ဆီ​ဖြင့်​လူး​၍​ဆု​တောင်း​ကြ​စေ။-

15. ယုံ​ကြည်​ခြင်း​ဖြင့်​ဆု​တောင်း​ခြင်း​သည် လူ​နာ အား​ကျန်း​မာ​စေ​လိမ့်​မည်။ သ​ခင်​ဘု​ရား​သည် သူ့​အား​ကျန်း​မာ​လာ​စေ​တော်​မူ​၍ သူ​ပြု​မိ သော​အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ လိမ့်​မည်။-

16. သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၍ အ​ချင်း​ချင်း အ​တွက်​ဆု​တောင်း​သ​ဖြင့်​သင်​တို့​၏​ရော​ဂါ များ​ပျောက်​ကင်း​လိမ့်​မည်။ သူ​တော်​ကောင်း​၏ ဆု​တောင်း​ပတ္ထ​နာ​သည်​အ​လွန်​တန်​ခိုး​ပါ​၏။-

ယာ​ကုပ် 5