ယာ​ကုပ် 4:7-10 Common Language Bible (BCL)

7. သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​သို့​လိုက် ကြ​လော့။ မာရ်​နတ်​ကို​ခု​ခံ​ကြ​လော့။ သို့​ပြု လျှင်​သူ​သည်​သင်​တို့​ထံ​မှ​ထွက်​ပြေး​လိမ့်​မည်။-

8. ဘု​ရား​သခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင်​တို့​ထံ​သို့ ကြွ​လာ​တော်​မူ​သည်။ အ​ပြစ်​ကူး​သူ​တို့၊ သင်​တို့​လက်​များ​ကို​ဆေး​ကြော​ကြ​လော့။ မာ​န​ထောင်​သူ​တို့၊ သင်​တို့​၏​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စင်​ကြယ်​စေ​ကြ​လော့။-

9. ဝမ်း​နည်း​ကြေ​ကွဲ​ကြ​လော့။ ငို​ကြွေး​မြည်​တမ်း ကြ​လော့။ သင်​တို့​၏​ရယ်​မော​ခြင်း​ကို​ငို​ကြွေး ခြင်း​ဖြစ်​စေ​ကြ​လော့။ သင်​တို့​၏​ဝမ်း​မြောက် ခြင်း​ကို​စိတ်​ညှိုး​ငယ်​စေ​ခြင်း​ဖြစ်​စေ​ကြ​လော့။-

10. သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​နှိမ့်​ချ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ် တော်​သည်​သင်​တို့​အား​ချီး​မြှောက်​တော်​မူ​လိမ့် မည်။

ယာ​ကုပ် 4