1. သင်တို့တွင်အဘယ်ကြောင့်ခိုက်ရန်ဒေါသဖြစ် မှု၊ အငြင်းပွားမှုတို့ဖြစ်ပေါ်လာသနည်း။ သင် တို့၏ကာယလိုအင်ဆန္ဒများထကြွနေသော ကြောင့်မဟုတ်လော။-
2. သင်တို့သည်မိမိတို့အလိုရှိသောအရာ များကိုမရနိုင်သဖြင့်လူ့အသက်ကိုသတ် ရန်အသင့်ရှိကြ၏။ မိမိတို့လွန်စွာလိုလား တောင့်တသည့်အရာများကိုမရနိုင်သဖြင့် အငြင်းပွားကြ၏။ ရန်ဖြစ်ကြ၏။ သင်တို့လို လားသောအရာကိုမရရှိကြသည့်အကြောင်း မှာဘုရားသခင်ထံတော်သို့မတောင်းမလျှောက် ကြသောကြောင့်ဖြစ်၏။-