မဿဲ 4:1-3 Common Language Bible (BCL)

1. ထို​နောက်​မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​စေ​ရန် ဝိ​ညာဉ်​တော်​သည်​သ​ခင်​ယေ​ရှု​ကို တော​ကန္တာ​ရ​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။-

2. ကိုယ်​တော်​သည်​ရက်​လေး​ဆယ်​ပတ်​လုံး​အ​စာ ရှောင်​လျက်​နေ​ပြီး​နောက်​မွတ်​သိပ်​၍​လာ​တော် မူ​၏။-

3. ထို​အ​ခါ​မာရ်​နတ်​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​သား​တော်​မှန် လျှင်​ဤ​ကျောက်​ခဲ​များ​ကို​မုန့်​ဖြစ်​လာ​စေ​ရန် အ​မိန့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။

မဿဲ 4