16. သခင်ယေရှုက ``ထိုသူတို့သွားကြရန်မလိုပါ။ သင်တို့ပင်လျှင်သူတို့အားစားစရာပေးကြ လော့'' ဟုမိန်တော်မူ၏။
17. တပည့်တော်တို့က ``အကျွန်ုပ်တို့မှာမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာရှိပါသည်'' ဟုလျှောက်ထားကြ လျှင်၊
18. ကိုယ်တော်က ``ထိုမုန့်နှင့်ငါးကိုငါ့ထံသို့ယူခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။-
19. ကိုယ်တော်သည်လူပရိသတ်တို့ကိုမြက်ခင်းပေါ် တွင်ထိုင်စေတော်မူ၏။ ထိုနောက်မုန့်ငါးလုံးနှင့်ငါး နှစ်ကောင်ကိုယူ၍ကောင်းကင်သို့မျှော်ကြည့်လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်များကိုဖဲ့၍တပည့်တော်တို့အားပေး တော်မူ၏။ တပည့်တော်တို့သည်လည်းလူတို့အား ဝေပေးကြ၏။-
20. လူအပေါင်းတို့သည်အဝစားရကြသည်သာမက မုန့်နှင့်ငါးအကြွင်းအကျန်များကိုပင်တစ်ဆယ့် နှစ်တောင်းအပြည့်ကောက်သိမ်းရသေး၏။-