6. လူတို့က``အကျွန်ုပ်တို့အားတရားမဟော ပါနှင့်၊ ထိုအကြောင်းအရာတို့ကိုမပြော ပါနှင့်၊ ဘုရားသခင်သည်အကျွန်ုပ်တို့အား အရှက်ကွဲအကျိုးနည်းဖြစ်စေတော်မူ မည်မဟုတ်ပါ။-
7. ဣသရေလအမျိုးသားတို့သည် ကျိန်စာ သင့်နေပြီဟူ၍မထင်ပါနှင့်။ ထာဝရ ဘုရားသည်သည်းမခံနိုင်တော့ပြီလော။ ကိုယ်တော်သည်ထိုသို့ဧကန်ပြုတော်မူ ပါမည်လော။ ဖြောင့်မတ်စွာကျင့်ကြံသူ တို့အား ကိုယ်တော်သည်သနားကြင်နာ သည့်စကားကိုပြောတော်မူမည်မဟုတ် ပါလော'' ဟုငါ့အားပြန်၍တရားဟော ကြ၏။
8. ထိုအခါထာဝရဘုရားက``သင်တို့သည် ငါ၏လူမျိုးတော်ကိုရန်သူသဖွယ်တိုက် ခိုက်ကြ၏။ လုံခြုံမှုရှိရာနေအိမ်သို့စစ် ပွဲမှပြန်လာသူတို့၏ အပေါ်ရုံအင်္ကျီကို သင်တို့ချွတ်ယူကြ၏။-
9. သင်တို့သည်ငါ၏လူမျိုးတော်တို့၏အမျိုး သမီးများကိုသူတို့မြတ်နိုးသောနေအိမ် များမှနှင်ထုတ်ကြ၍ သူတို့သားသမီးများ အနာဂတ်ကောင်းစားရေးမျှော်လင့်ချက် ဖြစ်သည့် ထာဝရဘုရား၏ကောင်းချီး မင်္ဂလာကိုပျက်ပြားစေကြ၏။-
10. ထ၍ထွက်ခွာကြလော့။ ဤပြည်သည်သင်တို့ လုံခြုံစွာနေထိုင်ရာအရပ်မဟုတ်တော့ပြီ။ သင်တို့၏ဒုစရိုက်အပြစ်ကြောင့်ဤပြည် သည်ပျက်စီးရလိမ့်မည်။