မာ​လ​ခိ 2:6-10 Common Language Bible (BCL)

6. သူ​တို့​သည်​အ​မှန်​တ​ရား​ကို​ဟော​ပြော သွန်​သင်​ကြ​၏။ အ​မှား​ကို​မ​သွန်​သင်​ကြ။ သူ​တို့​သည်​ငါ​နှင့်​သ​ဟ​ဇာ​တ​ဖြစ်​အောင် နေ​ထိုင်​ကြ​လျက် မိ​မိ​တို့​ကိုယ်​တိုင်​သာ လျှင်​မှန်​ရာ​ကို​ပြု​ကျင့်​ကြ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​တို့​အား​လည်း​မ​ကောင်း​မှု​ကို ရှောင်​ကြဉ်​ရန်​အ​ထောက်​အ​ကူ​ပေး​ကြ ပေ​သည်။-

7. ဘု​ရား​သ​ခင်​အ​ကြောင်း​တော်​ကို​မှန်​ကန် စွာ​သိ​ရှိ​နား​လည်​နိုင်​ရန်​ဟော​ပြော​သွန် သင်​မှု​မှာ ယဇ်​ပု​ရော​ဟိတ်​များ​၏​တာ​ဝန် ဖြစ်​ပေ​သည်။ သူ​တို့​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏ တ​မန်​တော်​များ​ဖြစ် သ​ဖြင့် လူ​တို့​သည်​ငါ​၏​အ​လို​တော်​ကို သိ​ရှိ​နိုင်​ရန်​သူ​တို့​ထံ​သို့​သွား​ရ​ကြ​၏။

8. ``သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​အ​သင်​ပု​ရော​ဟိတ် တို့​သည်​လမ်း​မှန်​မှ​လွဲ​ဖယ်​၍​သွား​ကြ​လေ​ပြီ။ သင်​တို့​၏​ဟော​ပြော​သွန်​သင်​မှု​ကြောင့်​လူ​အ​များ ပင်​အ​မှား​ကို​ပြု​ကျင့်​လျက်​နေ​လေ​ပြီ။ သင်​တို့ သည်​ငါ​နှင့်​ချုပ်​ဆို​ထား​သည့်​ပ​ဋိ​ညာဉ်​တော် ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။-

9. သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​အား​ပ​ညတ် တော်​များ​ကို သွန်​သင်​ရာ​၌​မျက်​နှာ​ကြီး​ငယ် လိုက်​ကြ​သ​ဖြင့် ငါ​သည်​လည်း​သင်​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စက်​ဆုတ်​ရွံ​ရှာ အောင်​ပြု​မည်။

10. ငါ​တို့​အား​လုံး​၌​ဖ​ခင်​တစ်​ဦး​တည်​ရှိ​သည် မ​ဟုတ်​ပါ​လော။ ဤ​ဘု​ရား​သ​ခင်​တစ်​ပါး​တည်း ပင်​လျှင် ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​သည်​မ ဟုတ်​ပါ​လော။ သို့​ဖြစ်​ပါ​မူ​ငါ​တို့​သည်​အ​ဘယ် ကြောင့် မိ​မိ​တို့​အ​ချင်း​ချင်း​ထား​ရှိ​သည့်​သစ္စာ က​တိ​ကို​ဖျက်​ကြ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် ငါ​တို့​ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု တော်​မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​ထီ​မဲ့ မြင်​ပြု​ကြ​ပါ​သ​နည်း။-

မာ​လ​ခိ 2