ဗျာ​ဒိတ် 22:4-9 Common Language Bible (BCL)

4. သူ​တို့​သည်​ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို​ဖူး မြင်​ရ​ကြ​လိမ့်​မည်။ နာ​မ​တော်​ကို​သူ​တို့​၏ န​ဖူး​တွင်​ရေး​ထား​လျက်​ရှိ​လိမ့်​မည်။-

5. ထို​မြို့​တွင်​ည​ရှိ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​လင်း​ကို​ပေး​တော် မူ​မည်​ဖြစ်​၍၊ သူ​တို့​သည်​ဆီ​မီး​၏​အ​ရောင်၊ နေ​၏ အ​လင်း​ရောင်​ကို​လို​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့ သည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ထာ​ဝ​စဉ်​စိုး​စံ​ရ​ကြ လတ္တံ့။

6. ထို​နောက်​ကောင်း​ကင်​တ​မန်​က​ငါ့​အား``ဤ​စ​ကား သည်​သစ္စာ​စ​ကား၊ ဟုတ်​မှန်​သော​စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​တို့​အား​ဝိညာဉ်​တော်​နှင့်​ပြည့်​ဝ​စေ တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မ​ကြာ​မီ​ဖြစ်​ပျက်​ရ​မည့်​အ​မှု​အ​ရာ​များ​ကို မိ​မိ​၏​အ​စေ​ခံ​တို့​အား​ဖော်​ပြ​ရန်​ကောင်း​ကင် တ​မန်​ကို​စေ​လွှတ်​တော်​မူ​ပြီ'' ဟု​ပြော​၏။

7. သ​ခင်​ယေ​ရှု​က``နား​ထောင်​လော့။ ငါ​သည်​မ​ကြာ မီ​ကြွ​လာ​မည်။ ဤ​ကျမ်း​စောင်​တွင်​ပါ​ရှိ​သည့် ပ​ရော​ဖက်​စ​ကား​များ​ကို လိုက်​လျှောက်​သော သူ​တို့​သည်​မင်္ဂလာ​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။

8. ဤ​အ​မှု​အ​ရာ​များ​ကို​တွေ့​မြင်​ကြား​သိ​ရ​သူ ကား ငါ​ယော​ဟန်​ပင်​ဖြစ်​၏။ ထို​အ​ရာ​များ​ကို တွေ့​မြင်​ကြား​သိ​ရ​ပြီး​သော​အ​ခါ ငါ​သည် ကောင်း​ကင်​တ​မန်​အား​ရှိ​ခိုး​ရန်​သူ​၏​ခြေ​ရင်း တွင်​ပျပ်​ဝပ်​လိုက်​၏။-

9. ကောင်း​ကင်​တ​မန်​က``ဤ​သို့​မ​ပြု​နှင့်။ ငါ​သည်​သင်​နှင့် သင်​၏​ညီ​အစ်​ကို​ပ​ရော​ဖက်​များ​နှင့် ဤ​ကျမ်း​စောင် ၏​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​သူ​တို့​၏​လုပ်​ဖော် ဆောင်​ဘက်​အ​စေ​ခံ​တစ်​ဦး​သာ​လျှင်​ဖြစ်​၏။ ဘု​ရား သ​ခင်​ကို​သာ​လျှင်​ရှိ​ခိုး​လော့'' ဟု​ဆို​၏။-

ဗျာ​ဒိတ် 22