6. ယင်းသို့ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်း တွင်ပါဝင်သူတို့သည်မင်္ဂလာရှိ၍ကောင်းချီး ကြွယ်ဝစွာခံစားရကြ၏။ ဒုတိယသေခြင်း သည်သူတို့အားအစိုးမရနိုင်ရာ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရော ဟိတ်များဖြစ်၍ခရစ်တော်နှင့်အတူအနှစ် တစ်ထောင်စိုးစံကြရလိမ့်မည်။
7. ထိုနောက်အနှစ်တစ်ထောင်ကုန်လွန်သောအခါ စာတန်သည်အကျဉ်းကျရာမှလွတ်ပြီးလျှင်၊-
8. ဂေါဂနှင့်မာဂေါဂဟုခေါ်သောကမ္ဘာအရပ်လေး မျက်နှာရှိလူမျိုးအပေါင်းတို့အား မှောက်မှား လမ်းလွဲစေလျက်စစ်တိုက်ရန်စုဝေးစေလိမ့်မည်။ သူတို့သည်အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများသတည်း။-
9. သူတို့သည်ကမ္ဘာအနှံ့အပြားသို့ချီတက်လာ ပြီးလျှင် ဘုရားသခင်၏တပ်စခန်းနှင့်ကိုယ်တော် နှစ်သက်မြတ်နိုးတော်မူသောမြို့ကြီးကိုဝိုင်း ကြ၏။ သို့ရာတွင်ကောင်းကင်မှမီးကျသဖြင့် သူတို့သည်ကျွမ်းလောင်ဖျက်ဆီးခြင်းခံရ ကြ၏။-