ဗျာ​ဒိတ် 2:7-10 Common Language Bible (BCL)

7. ``အ​သင်း​တော်​တို့​အား​ဝိညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။``အောင်​မြင်​သော​သူ​အား​ဘုရား​သခင်​၏​ဥ​ယျာဉ် တော်​ရှိ​အ​သက်​ပင်​၏​အ​သီး​ကို​စား​ခွင့်​ငါ ပေး​မည်။

8. စ​မု​ရ​န​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။``ဤ​သြ​ဝါ​ဒ​သည်​အ​စ​နှင့်​အ​ဆုံး​ဖြစ်​သူ၊ သေ​ပြီး​မှ​အ​သက်​ပြန်​၍​ရှင်​လာ​သူ​၏​ထံ​မှ ဖြစ်​သည်။-

9. သင်​သည်​အ​ဘယ်​မျှ​ဆင်း​ရဲ​၍​အ​ဘယ်​မျှ​ဒုက္ခ ရောက်​သည်​ကို​ငါ​သိ​၏။ သို့​ရာ​တွင်​အ​မှန်​စင်​စစ် သင်​သည်​ကြွယ်​ဝ​သူ​ဖြစ်​၏။ မိ​မိ​တို့​ကိုယ်​ကို ဟေ​ဗြဲ​အ​မျိုး​သား​များ​ဟု​ဆို​ကြ​သော​သူ​တို့ သည်​သင့်​အား​အ​သ​ရေ​ပျက်​စေ​သည့်​စ​ကား များ​ကို​ပြော​ဆို​ကြ​ကြောင်း​ငါ​သိ​၏။ သူ​တို့ သည်​စင်​စစ်​အား​ဖြင့်​ဟေ​ဗြဲ​အ​မျိုး​သား​များ မ​ဟုတ်။ စာ​တန်​၏​အ​ဖွဲ့​ဝင်​များ​ဖြစ်​ကြ​၏။-

10. သင်​ခံ​ရ​မည့်​ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​မ​စိုး ရိမ်​နှင့်။ စာ​တန်​သည်​သင်​တို့​အ​ချို့​ကို​ထောင်​ထဲ ၌​အ​ကျဉ်း​ချ​ထား​ခြင်း​အား​ဖြင့်​စစ်​ဆေး​လိမ့် မည်။ သင်​သည်​ဆယ်​ရက်​တိုင်​တိုင်​ဒုက္ခ​ခံ​ရ​လိမ့်​မည်။ သေ​သည်​တိုင်​အောင်​သစ္စာ​စောင့်​လော့။ သို့​မှ​သာ သင့်​အား​အ​သက်​သ​ရ​ဖူ​ကို​ငါ​ပေး​မည်။

ဗျာ​ဒိတ် 2