ဗျာ​ဒိတ် 2:22-25 Common Language Bible (BCL)

22. သို့​ဖြစ်​၍​ငါ​သည်​သူ့​အား​အိပ်​ရာ​ပေါ်​တွင်​လဲ ကျ​စေ​၍ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။ သူ​နှင့်​ကာ​မ ရာ​ဂ​စပ်​ယှက်​သူ​တို့​အား​လည်း​ပြင်း​ထန်​စွာ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။ သူ​တို့​သည်​ထို​အ​မျိုး သ​မီး​နှင့်​ပြု​သည့်​ဆိုး​ညစ်​မှု​များ​အ​တွက် နောင်​တ​မ​ရ​ကြ​ပါ​မူ ငါ​သည်​ယ​ခု​ပင်​သူ တို့​အား​ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။-

23. သူ​၏​နောက်​လိုက်​တို့​သည်​အ​သတ်​ခံ​ကြ​ရ လိမ့်​မည်။ ထို​အ​ခါ​၌​ငါ​သည်​လူ​တို့​၏​စိတ် နှ​လုံး​နှင့်​အ​ကြံ​အ​စည်​တို့​ကို​သိ​မြင် တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း အ​သင်း​တော် အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ သင်​တို့ အ​သီး​သီး​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ငါ​ပေး​မည်။

24. ထို​သူ​တို့​မှ​လွဲ​၍ အ​ခြား​သွာ​တိ​ရ​မြို့​အ​သင်း တော်​ဝင်​တို့​သည်​ဤ​ဆိုး​ညစ်​သည့်​အ​ယူ​ဝါ​ဒ ကို​မ​လိုက်​နာ​ကြ။ စာ​တန်​၏​နက်​နဲ​သည့်​လျှို့​ဝှက် ချက်​များ​ဟု​သူ​တစ်​ပါး​တို့​ခေါ်​ဝေါ်​ကြ​သည့် အ​ရာ​များ​ကို​လည်း​မ​ခံ​မ​ယူ​ကြ။ သင်​တို့ အ​ပေါ်​သို့​အ​ခြား​ဝန်​ထုပ်​ကို​ငါ​မ​တင်။-

25. သင်​တို့​သည်​မိ​မိ​တို့​၏​လက်​ဝယ်​ရှိ​သည့် အ​ရာ​ကို​ငါ​လာ​သည်​တိုင်​အောင်​စွဲ​မြဲ စွာ​ကိုင်​ထား​ကြ​လော့။-

ဗျာ​ဒိတ် 2