ဗျာ​ဒိတ် 17:2-5 Common Language Bible (BCL)

2. ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင်​များ​သည်​ထို​အ​မျိုး​သ​မီး နှင့်​ကာ​မ​ဂုဏ်​ခံ​စား​ခဲ့​ကြ​၏။ ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​သည်​လည်း​သူ​၏​ကာ​မ​ဂုဏ်​ခံ​စား​မှု​တည်း ဟူ​သော​စ​ပျစ်​ရည်​ဖြင့်​မူး​ယစ်​ခဲ့​ကြ​၏'' ဟု ဆို​၏။

3. ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ဝိညာဉ်​တော်​အား ဖြင့် ငါ့​အား​တော​ကန္တာ​ရ​သို့​ဆောင်​ယူ​သွား​၏။ ထို အ​ရပ်​တွင်​သား​ရဲ​နီ​ပေါ်​၌​ထိုင်​နေ​သော​အ​မျိုး သ​မီး​တစ်​ယောက်​ကို​ငါ​မြင်​ရ​၏။ သား​ရဲ​၏ ကိုယ်​တစ်​ကိုယ်​လုံး​ပေါ်​တွင်​ဘု​ရား​သ​ခင်​၏ အ​သ​ရေ​တော်​ကို​ရှုတ်​ချ​သည့်​အ​မည်​နာ​မ များ​ကို အ​နှံ့​အ​ပြား​ရေး​သား​ထား​၏။ သူ့ မှာ​ဦး​ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း ရှိ​၏။-

4. အ​မျိုး​သ​မီး​သည်​အ​နီ​နှင့်​မ​ရမ်း​စေ့​ရောင် အ​ဝတ်​များ​ကို​ဝတ်​လျက်​ရွှေ​တန်​ဆာ၊ ငွေ​တန် ဆာ၊ ကျောက်​မျက်​ရ​တ​နာ​တန်​ဆာ၊ ပု​လဲ​တန် ဆာ​များ​ကို​ဆင်​ယင်​ထား​၏။ သူ​သည်​ကာ​မ ဂုဏ်​လိုက်​စား​မှု​ဆိုင်​ရာ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ကောင်း​သော​ညစ်​ညမ်း​မှု​များ​နှင့်​ပြည့်​နေ သည့်​ရွှေ​ဖ​လား​ကို​ကိုင်​ထား​၏။-

5. သူ​၏​န​ဖူး​ပေါ်​တွင်``ပြည့်​တန်​ဆာ​အ​ပေါင်း​နှင့် လော​က​၌​စက်​ဆုပ်​ဖွယ်​ရာ​များ​၏​မိ​ခင်၊ ဗာ​ဗု လုန်​မြို့​ကြီး'' ဟူ​၍​လျှို့​ဝှက်​သည့်​အ​နက်​ရှိ သော​ကမ္ပည်း​ကို​ရေး​ထိုး​ထား​၏။-

ဗျာ​ဒိတ် 17