ဗျာ​ဒိတ် 1:10-13 Common Language Bible (BCL)

10. သ​ခင်​ဘု​ရား​နေ့​၌​ဝိ​ညာဉ်​တော်​သည် ငါ့ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​လျက် ငါ​သည် တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သော​အ​သံ​ကြီး တစ်​ခု​ကို​ငါ့​နောက်​၌​ကြား​ရ​၏။-

11. ထို​အ​သံ​က``သင်​မြင်​ရ​သည့်​အ​ရာ​ကို​စာ စောင်​တွင်​ရေး​သား​၍​ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ ဒေ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့​များ​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​ပေး​ပို့​လော့'' ဟု​ဆို​၏။

12. ထို​သို့​ငါ့​အား​ပြော​နေ​သော​အ​သံ​သည်​မည် သူ​၏​အ​သံ​ဖြစ်​ပါ​သ​နည်း​ဟု လှည့်​၍​ကြည့် လိုက်​သော​အ​ခါ ငါ​သည်​မီး​ခွက်​ခု​နစ်​လုံး ကို​လည်း​ကောင်း၊-

13. ထို​မီး​ခွက်​များ​အ​လယ်​၌​လူ​နှင့်​တူ​သူ​တစ် ဦး​ကို​လည်း​ကောင်း​တွေ့​ရ​၏။ ထို​သူ​သည်​ခြေ ဖျား​တိုင်​အောင်​ရောက်​သည့်​ဝတ်​လုံ​ရှည်​ကို​ခြုံ ၍​ရွှေ​ရင်​စည်း​ကို​ဝတ်​ဆင်​ထား​၏။-

ဗျာ​ဒိတ် 1