15. သြနေသိမ်သည်သင်နှင့်အစဉ်ပြန်လည်နေထိုင် နိုင်ရန် သင်နှင့်ခေတ္တမျှခွဲခွာရခြင်းဖြစ်တန်ရာ၏။-
16. ယခုအခါသူသည်ကျွန်မျှသာမဟုတ်တော့ဘဲ ခရစ်တော်၌ချစ်သောညီအစ်ကိုဖြစ်လာပေပြီ။ သူသည်ငါ၏အတွက်အလွန်တန်ဖိုးရှိပေသည်။ သို့ရာတွင်သင်၏အတွက်ကျွန်အနေနှင့်လည်း ကောင်း၊ သခင်ဘုရား၌ညီအစ်ကိုအနေနှင့် လည်းကောင်းများစွာပို၍ပင်တန်ဖိုးရှိမည်။
17. သို့ဖြစ်၍သင်သည်ငါ့အားမိမိ၏လုပ်ဖော် ဆောင်ဘက်အနေဖြင့် ကြိုဆိုလက်ခံသကဲ့ သို့သူ့အားကြိုဆိုလက်ခံပါလော့။-
18. အကယ်၍သူသည်သင့်အားတစ်စုံတစ်ရာ ပြစ်မှားမိခဲ့သော်လည်းကောင်း၊ တစ်စုံတစ်ရာ ပေးဆပ်စရာရှိခဲ့သော်လည်းကောင်း ငါ တာဝန်ယူပါမည်။-
19. ``ငါပေါလုသည်ထိုအကြွေးကို ပေးဆပ်ပါ မည်'' ဟူ၍ ငါကိုယ်တိုင်လက်မှတ်ရေးထိုးပါ၏။ (သင့်ကိုယ်တိုင်ပင်လျှင် သင်၏ဘဝသစ်အတွက် ငါ့အားပေးဆပ်စရာရှိကြောင်း ဖော်ပြရန် မလိုပါ။-)