14. သို့ရာတွင်ငါအခက်အခဲတွေ့ကြုံရချိန်၌ သင်တို့ငါ့ကိုကူညီကြသောအားဖြင့်ကောင်း မွန်စွာပြုပြီ။-
15. အချင်းဖိလိပ္ပိအသင်းတော်သားတို့၊ ငါသည် မာကေဒေါနိပြည်မှထွက်ခွာ၍ သတင်းကောင်း ကိုစတင်ကြေညာသောအခါ၌ သင်တို့ အသင်းတော်တစ်ပါးတည်းကသာလျှင်ငါ့ အားကူညီခဲ့ကြောင်း၊ အမှုတော်ဆောင်လုပ် ငန်းတွင်သင်တို့ကသာလျှင် ငါနှင့်အတူ ဖက်စပ်အဖြစ်နှင့်အရှုံးအမြတ်ရှိလျက် လုပ်ဆောင်ခဲ့ကြကြောင်းကို သင်တို့ကိုယ် တိုင်ကောင်းစွာသိကြ၏။-
16. သက်သာလောနိတ်မြို့တွင်ရှိစဉ်အခါက ငါ လိုသောအကူအညီကိုသင်တို့သည်တစ် ကြိမ်မကပေးပို့ခဲ့ကြပေသည်။-
17. ဤသို့ဆိုသော်ငါသည်အလှူကိုခံယူလို၍ မဟုတ်။ သင်တို့၏ငွေစာရင်းတွင်အမြတ်တိုး လာစေရန်ငါအလိုရှိ၏။-
18. သင်တို့ပေးပို့လိုက်သောအလှူပစ္စည်းအား လုံးကိုရရှိကြောင်း ဤတွင်ဖော်ပြပါသည်။ ထိုအလှူပစ္စည်းများကိုဧပဖြောဒိတ်ယူ လာပေးသဖြင့် ငါလိုသမျှရရှိပေပြီ။ ထို အရာတို့သည်မွှေးကြိုင်သောပူဇော်သကာ၊ ဘုရားသခင်လက်ခံနှစ်သက်တော်မူ သောယဇ်ကဲ့သို့ဖြစ်ပါ၏။-
19. ငါ၏ဘုရားသခင်သည်စည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား ခရစ်တော်ယေရှုအားဖြင့် သင်တို့လိုသမျှ သောအရာတို့ကိုပေးသနားတော်မူပါ စေသော။-