ဖိ​လိပ္ပိ 4:1-4 Common Language Bible (BCL)

1. ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​အ​လွန်​ချစ် ၍​လွမ်း​ဆွတ်​ပါ​သည်။ ငါ​သည်​သင်​တို့​ကို​အ​ကြောင်း ပြု​၍​လွန်​စွာ​ဝမ်း​မြောက်​၍​ဂုဏ်​ယူ​ဝါ​ကြွား​ပါ​၏။ ချစ်​သော​ညီ​အစ်​ကို​တို့၊ ငါ​တို့​ဆို​ခဲ့​သည့်​အ​တိုင်း ကြံ့​ခိုင်​စွာ​ရပ်​တည်​ကြ​လော့။

2. ဧ​ဝေါ​ဒိ​နှင့်​သုန္တုတ်​တို့၊ သ​ခင်​ဘု​ရား​၏​တပည့် တော်​မ​များ​ပီ​သ​စွာ​စိတ်​သ​ဘော​ညီ​ညွတ်​မှု ရှိ​ကြ​ရန်​ငါ​တောင်း​ပန်​ပါ​၏။-

3. ငါ​၏​ရဲ​ဘော်​စစ်​ဖြစ်​သူ၊ သင်​သည်​လည်း ထို အ​မျိုး​သ​မီး​တို့​ကို​ကူ​ညီ​မ​စ​ပါ​လော့။ သူ တို့​သည်​သ​တင်း​ကောင်း​ကြေ​ညာ​ရာ​တွင်​ငါ နှင့်​အ​တူ​အ​ထူး​ကြိုး​စား​အား​ထုတ်​လုပ် ဆောင်​သူ​များ​ဖြစ်​ကြ​၏။ ထို​သို့​လုပ်​ဆောင် ခဲ့​သူ​များ​တွင်​က​လေ​မင်​နှင့်​တ​ကွ ဘု​ရား သ​ခင်​၏​အ​သက်​စာ​စောင်​စာ​ရင်း​တွင်​ပါ ရှိ​သူ အ​ခြား​ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​များ လည်း​ပါ​ဝင်​၏။

4. သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့် တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​လျက်​ဝမ်း​မြောက်​ကြ​လော့။ တစ်​ဖန် ငါ​ဆို​သည်​ကား ဝမ်း​မြောက်​ကြ​လော့။

ဖိ​လိပ္ပိ 4