4. ငါက``အို ဘုရားသခင်အကျွန်ုပ်တို့အား ထိုသူတို့အဘယ်သို့ပြက်ရယ်ပြုကြသည် ကိုနားထောင်တော်မူပါ။ သူတို့သည်မိမိ တို့ကဲ့ရဲ့ပြောဆိုသည့်စကားဖြင့်တန်ပြန် ထိကြပါစေသော။ သူတို့သည်မိမိတို့တွင် ရှိသမျှသောဥစ္စာပစ္စည်းများကိုအလု အယက်ခံရလျက် နိုင်ငံရပ်ခြားသို့ဖမ်း ဆီးခေါ်ဆောင်ခြင်းကိုခံရကြပါစေ သော။-
5. မြို့ရိုးကိုတည်ဆောက်လျက်နေသူအကျွန်ုပ် တို့အား သူတို့သည်စော်ကားကြသောကြောင့် သူတို့ပြုသောဒုစရိုက်ကိုခွင့်လွှတ်တော်မ မူပါနှင့်။ သူတို့၏အပြစ်များကိုမေ့တော် မမူပါနှင့်'' ဟုဆုတောင်းပတ္ထနာပြု၏။
6. သို့ဖြစ်၍ငါတို့သည်မြို့ရိုးကိုဆက်လက် တည်ဆောက်ကြရာ ဆောက်လုပ်သူတို့၏စိတ် အားထက်သန်မှုကြောင့် မကြာမီပင်မြို့ရိုး အမြင့်တစ်ဝက်တိုင်အောင်ပြီးလေ၏။
7. သမ္ဘာလတ်၊ တောဘိတို့မှစ၍၊ အာရပ်၊ အမ္မုန်၊ အာဇုတ်အမျိုးသားများသည်ယေရုရှလင် မြို့ကိုပြန်လည်တည်ဆောက်မှုတိုးတက်လျက် ရှိကြောင်း၊ မြို့ရိုးပြိုပျက်နေသည့်နေရာများ ကိုဖာထေးလျက်ရှိကြောင်းကိုကြားသိ ကြသဖြင့်လွန်စွာအမျက်ထွက်ကြ၏။-
8. သို့ဖြစ်၍သူတို့သည်ယေရုရှလင်မြို့သို့ လာရောက်တိုက်ခိုက်၍ မြို့ကိုကစဥ့်ကလျား ဖြစ်အောင်ပြုလုပ်ရန်တိုင်ပင်ကြံစည်ကြ၏။-
9. သို့ရာတွင်ငါတို့သည်ငါတို့၏ဘုရားသခင်ထံဆုတောင်းပတ္ထနာပြုလျက် ရန်သူ တို့၏ဘေးမှကာကွယ်ရန်နေ့ရောညဥ့်ပါ ကင်းစောင့်ထားကြ၏။