နေ​ဟ​မိ 2:12-15 Common Language Bible (BCL)

12. သို့​ရာ​တွင်​ယေ​ရု​ရှ​လင်​မြို့​အ​တွက်​မည်​သို့ ဆောင်​ရွက်​ရ​မည်​ကို ငါ့​အား​ထာ​ဝ​ရ​ဘု​ရား နှိုး​ဆော်​တော်​မူ​ကြောင်း​ကို​မူ အ​ဘယ်​သူ​ကို မျှ​ငါ​မ​ပြော​ဘဲ​သန်း​ခေါင်း​ယံ​အ​ချိန်​၌ ထ​၍​အ​ဖော်​အ​ချို့​ကို​ခေါ်​ပြီး​လျှင်​မြို့ ထဲ​မှ​ထွက်​လာ​ခဲ့​၏။ ငါ​တို့​သည်​ငါ​စီး သည့်​မြည်း​မှ​တစ်​ပါး​အ​ခြား​တိ​ရစ္ဆာန် မ​ပါ။-

13. ငါ​တို့​သည်​အ​နောက်​ဘက်​ရှိ​ချိုင့်​တံ​ခါး မှ​ထွက်​၍ တောင်​ဘက်​န​ဂါး​စမ်း​တွင်း​ကို​ဖြတ် ကာ​အ​မှိုက်​ပုံ​တံ​ခါး​တိုင်​အောင်​လျှောက်​သွား ကြ​၏။ ထို​အ​ခါ​၌​မိုး​မ​လင်း​သေး​ပေ။ ငါ သည်​ဤ​သို့​သွား​ရောက်​လျက်​ပြို​ကျ​နေ​သော မြို့​ရိုး​များ​နှင့်​မီး​လောင်​ပျက်​စီး​သွား​သည့် မြို့​တံ​ခါး​များ​ကို​စစ်​ဆေး​ကြည့်​ရှု​၏။-

14. ထို​နောက်​မြို့​၏​အ​ရှေ့​ဘက်​မှ​နေ​၍​စမ်း​ရေ တွင်း​တံ​ခါး​နှင့် ဘု​ရင့်​ရေ​ကန်​ရှိ​ရာ​မြောက် ဘက်​သို့​သွား​၏။ ငါ​စီး​သည့်​မြည်း​သည် ကျောက်​အုတ်​ကျိုး​များ​အ​ကြား​တွင်​လမ်း ရှာ​၍​မ​ရ​သ​ဖြင့်၊-

15. ငါ​သည်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​၍ မြည်း​စီး​ပြီး​လျှင်​မြို့​ရိုး​ကို​စစ်​ဆေး ကြည့်​ရှု​၏။ ထို​နောက်​လာ​လမ်း​အ​တိုင်း ပြန်​ပြီး​လျှင်​ချိုင့်​ဝှမ်း​တံ​ခါး​မှ​နေ​၍ မြို့​ထဲ​သို့​ဝင်​၏။

နေ​ဟ​မိ 2