နေ​ဟ​မိ 11:18-24 Common Language Bible (BCL)

18. လေ​ဝိ​အ​နွယ်​ဝင်​စု​စု​ပေါင်း​နှစ်​ရာ​ရှစ်​ဆယ် လေး​ယောက်​တို့​သည်​သန့်​ရှင်း​သော​ယေ​ရု ရှ​လင်​မြို့​တော်​တွင်​နေ​ထိုင်​ကြ​လေ​သည်။အက္ကုပ်၊တာ​လ​မုန်​နှင့်​သူ​၏​ဆွေ​မျိုး​များ​ဖြစ် ၍​စု​စု​ပေါင်း​တစ်​ရာ​ခု​နစ်​ဆယ်​နှစ်​ယောက် ရှိ​သ​တည်း။

20. ကျန်​ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ပု​ရော​ဟိတ် များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​သည်​အ​ခြား ယု​ဒ​မြို့​ရွာ​တို့​တွင်​ကိုယ်​ပိုင်​မြေ​ရာ​တွင်​နေ ထိုင်​ကြ​၏။

21. ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​သည် ယေ​ရု ရှ​လင်​မြို့​သြ​ဖေ​လ​ဟု​အ​မည်​တွင်​သော အ​ရပ်​တွင်​နေ​ထိုင်​၍ ဇိ​ဟ​နှင့်​ဂိ​သ​ပ​တို့ ၏​ကွပ်​ကဲ​မှု​အောက်​တွင်​အ​လုပ်​လုပ်​ကြ လေ​သည်။

22. ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​ကို ကွပ်​ကဲ​အုပ်​ချုပ်​သူ​မှာ​ဟာ​ရှ​ဘိ​၏ မြေး၊ ဗာ​နိ​၏​သား​သြ​ဇိ​ဖြစ်​၏။ သူ​၏​ဘိုး​ဘေး များ​တွင်​မ​ဿ​နိ​နှင့်​မိက္ခာ​တို့​ပါ​ဝင်​၏။ သူ​သည် ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု​ဆိုင်​ရာ​ဂီ​တ တာ​ဝန်​ခံ​ဖြစ်​သည့်​အာ​သပ်​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။-

23. သား​ချင်း​စု​တို့​သည်​ဗိ​မာန်​တော်​တွင်​သီ​ဆို တီး​မှုတ်​မှု​ကို နေ့​စဉ်​အ​ဘယ်​သို့​အ​လှည့် ကျ​ဦး​ဆောင်​ရ​ကြ​မည်​ကို​ဖော်​ပြ​သည့် ဘု​ရင့်​ညွှန်​ကြား​ချက်​များ​ရှိ​၏။

24. ယု​ဒ​အ​နွယ်၊ ဇာ​ရ​သား​ချင်း​စု​ဝင်၊ မေ​ရှ​ဇ ဗေ​လ​၏​သား​ပေ​သ​ဟိ​သည်​ဣ​သ​ရေ​လ အ​မျိုး​တို့​အ​မှု​အ​ရေး​ရှိ​သ​မျှ​နှင့်​ဆိုင် ၍ ပေ​ရ​သိ​ဘု​ရင်​မင်း​အ​ပါး​တော်​တွင် ခ​စား​ခဲ့​၏။

နေ​ဟ​မိ 11