ဒံ​ယေ​လ 5:12-14 Common Language Bible (BCL)

12. သူ​သည်​အိပ်​မက်​များ​၏​အ​နက်​ကို​ပြန်​ဆို​မှု၊ ခက်​ခဲ​သော​အ​မေး​ပုစ္ဆာ​များ​ကို​ဖြေ​ရှင်း​မှု၊ လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​များ​ကို​ထုတ်​ဖော် မှု​တို့​တွင်​အ​ထူး​တတ်​ကျွမ်း​သူ​ဖြစ်​ပါ​၏။ သို့ ဖြစ်​၍​ဗေ​လ​တ​ရှာ​ဇာ​ဟူ​သော​ဘွဲ့​နာ​မ​ကို ခ​မည်း​တော်​ပေး​အပ်​တော်​မူ​ခဲ့​သူ​ဒံ​ယေ​လ အား​ဆင့်​ခေါ်​ပါ။ သူ​သည်​စာ​တန်း​၏​အ​နက် ကို​ဖော်​ပြ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။

13. သူ​တို့​သည်​ဒံ​ယေ​လ​အား​ချက်​ချင်း​ပင်​ဘု​ရင့် ရှေ့​တော်​သို့​သွင်း​ကြ​သော​အ​ခါ မင်း​ကြီး​က ဒံ​ယေ​လ​အား``သင်​သည်​ယု​ဒ​ပြည်​မှ​ငါ​၏ ခ​မည်း​တော်​ဘု​ရင်​မင်း​ခေါ်​ဆောင်​ခဲ့​သည့် ယု​ဒ​အ​မျိုး​သား​သုံ့​ပန်း​တစ်​ယောက်​ဖြစ် သူ​ဒံ​ယေ​လ​ဆို​သူ​ပေ​လော။-

14. ဘု​ရား​များ ၏​ဝိ​ညာဉ်​သည်​သင်​၏​အ​တွင်း​၌​ကိန်း​အောင်း​သည် ဖြစ်​၍ သင်​သည်​ကျွမ်း​ကျင်​လိမ်​မာ​လျက်၊ အ​သိ အ​မြင်​ဉာဏ်​ပ​ညာ​တို့​ဖြင့်​ပြည့်​စုံ​သူ​ဖြစ်​ကြောင်း ငါ​ကြား​သိ​ရ​သည်။-

ဒံ​ယေ​လ 5