7. ထိုအခါရှိရှိသမျှသောဗေဒင်ဆရာ၊ မျက် လှည့်ဆရာ၊ မှော်ဆရာနှင့်နက္ခတ်ဆရာများ သည်ရှေ့တော်သို့ရောက်ရှိလာကြ၏။ ငါသည် သူတို့အားငါ၏အိပ်မက်ကိုပြောပြသော် လည်း သူတို့သည်ထိုအိပ်မက်၏အနက်ကို မဖော်ပြနိုင်ကြပါ။-
8. ထိုနောက်(ငါကိုးကွယ်သောဘုရား၏နာမည် ဖြစ်သည့်ဗေလတရှာဇာဟုလည်းနာမည် တွင်သော) ဒံယေလသည်ငါ၏ရှေ့တော်သို့ ရောက်ရှိလာလေသည်။ သန့်ရှင်းမြင့်မြတ်သည့် ဘုရားတို့၏ဝိညာဉ်သည်သူ၏အတွင်း၌ ကိန်းအောင်းသဖြင့် ငါသည်သူ့အားငါအ ဘယ်သို့အိပ်မက်မြင်မက်သည်ကိုပြော ပြ၏။-
9. ငါကသူ့အား``ဗေဒင်ဆရာတို့၏အကြီး အမှူးဖြစ်သောဗေလတရှာဇာ၊ သင့်အတွင်း ၌သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့၏ဝိညာဉ် ကိန်းအောင်းကြောင်းကိုလည်းကောင်း၊ လျှို့ဝှက် ခက်ခဲသည့်အရာခပ်သိမ်းကိုသင်နားလည် ကြောင်းကိုလည်းကောင်းငါသိ၏။ အိပ်မက် တွင်ငါတွေ့မြင်ရသည့်ရူပါရုံအကြောင်း ကိုနားထောင်၍အနက်ကိုငါ့အားပြော ကြားပါလော့။
10. ``ငါသည်အိပ်ပျော်လျက်နေစဉ်ကမ္ဘာမြေ ပြင်၏အထက်ဗဟို၌ရှိသောသစ်ပင် မြင့်ကြီးတစ်ပင်ကိုအိပ်မက်မြင်မက်၏။-