ဒံ​ယေ​လ 11:17-19 Common Language Bible (BCL)

17. ``ဆီး​ရီး​ယား​ဘု​ရင်​သည်​မိ​မိ​၏​ကြီး​မား သော​စစ်​တပ်​တစ်​တပ်​လုံး​ဖြင့် စစ်​ချီ​ရန်​ကြံ စည်​လိမ့်​မည်။ ထို​နောက်​ရန်​သူ့​နိုင်ငံ​ပြို​ပျက် ရေး​အ​တွက် ရန်​သူ​နိုင်​ငံ​၏​မင်း​နှင့်​မ​ဟာ​မိတ် ဖွဲ့​ကာ​သူ့​အား​သ​မီး​တော်​ကို​ထိမ်း​မြား​ဆောင် နှင်း​ပေး​လိမ့်​မည်။ သို့​ရာ​တွင်​ဤ​အ​ကြံ​အ​စည် သည်​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။-

18. ထို​နောက်​သူ​သည်​ပင်​လယ်​အ​နီး​ရှိ​တိုင်း​နိုင်​ငံ တို့​ကို​တိုက်​ခိုက်​၍ များ​စွာ​သော​နိုင်​ငံ​တို့​ကို နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သို့​သော်​လည်း​တိုင်း တစ်​ပါး​မှ​စစ်​သူ​ကြီး​တစ်​ဦး​သည် သူ့​အား နှိမ်​နင်း​အောင်​မြင်​လိမ့်​မည်။ သူ​၏​မာန်​မာ​န ကို​လည်း​ချိုး​နှိမ်​လိုက်​လိမ့်​မည်။ ဆီး​ရီး​ယား ဘု​ရင်​အား​သူ​၏​မာန်​မာ​န​အ​တွက်​အ​ရှက် ကွဲ​စေ​လိမ့်​မည်။-

19. မင်း​ကြီး​သည်​မိ​မိ​၏​နိုင်​ငံ​ရှိ​ခံ​တပ်​သို့​ပြန် သွား​လိမ့်​မည်။ သို့​ရာ​တွင်​သူ​သည်​အ​ရေး ရှုံး​နိမ့်​ကာ​ကွယ်​ပျောက်​သွား​လိမ့်​မည်။

ဒံ​ယေ​လ 11