2. ဘုရားသခင်က မောရှေအား``ငါသည်ထာဝရ ဘုရားဖြစ်၏။-
3. အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားငါသည်အနန္တ တန်ခိုးရှင်ဘုရားသခင်အဖြစ်နှင့်ထင်ရှားခဲ့ သော်လည်း ထာဝရဘုရားဟူသောနာမဖြင့် သူတို့သည်ငါ့ကိုမသိကြ။-
4. ထို့အပြင်သူတို့သည်ဧည့်သည်အဖြစ်ဖြင့်နေ ထိုင်ခဲ့ရသောခါနာန်ပြည်ကို သူတို့အားပေး မည်ဟုငါသည်သူတို့နှင့်ပဋိညာဉ်ပြုခဲ့၏။-
5. ယခုငါသည်အီဂျစ်အမျိုးသားတို့ထံ၌ ကျွန်ခံရသောဣသရေလအမျိုးသားတို့၏ ညည်းညူသံကို ကြားရသဖြင့်ငါ၏ပဋိညာဉ် ကိုသတိရပြီ။-
6. ထို့ကြောင့်သင်သည် ဣသရေလအမျိုးသား တို့အား`ငါသည်ထာဝရဘုရားဖြစ်၏။ အီဂျစ် အမျိုးသားတို့ထံ၌ကျွန်ခံရသည့်ဘဝမှ သင်တို့အားငါလွတ်မြောက်စေမည်။ ငါ၏ မဟာလက်ရုံးတော်ကိုဆန့်၍ ကြောက်မက် ဖွယ်သောဒဏ်စီရင်ခြင်းဖြင့်သင်တို့ကို ကယ်တင်မည်။-
28-29. ထာဝရဘုရားက``ငါသည်ထာဝရဘုရား ဖြစ်၏။ ငါမိန့်ကြားသမျှကိုအီဂျစ်ဘုရင် အားပြောလော့'' ဟုအီဂျစ်ပြည်တွင်ရောက် ရှိနေသောမောရှေအားမိန့်တော်မူ၏။