6. ယဇ်ကောင်မီးရှို့ရာပလ္လင်ကိုထာဝရဘုရား စံတော်မူရာ တဲတော်တံခါးဝရှေ့တွင်ထား လော့။-
7. အင်တုံကိုထာဝရဘုရားစံတော်မူရာတဲ တော်နှင့် ယဇ်ပလ္လင်စပ်ကြားတွင်ထား၍၊ အင်တုံ ၌ရေဖြည့်လော့။-
8. တဲတော်ပတ်လည်တွင်ဝင်းကာ၍၊ ဝင်း တံခါးဝ၌ ကန့်လန့်ကာကိုတပ်ဆင်လော့။
9. ``တဲတော်နှင့်တဲတော်အတွင်း၌ရှိသမျှ သောအရာတို့ကို ဘိသိက်ဆီသွန်းလောင်း ၍၊ ထာဝရဘုရားထံဆက်ကပ်လော့။-
10. ထိုနောက်ယဇ်ကောင်မီးရှို့ရာပလ္လင်နှင့်ဆိုင် ရာပစ္စည်းရှိသမျှတို့ကိုလည်းဘိသိက် ဆီသွန်းလောင်း၍၊ အလွန်သန့်ရှင်းစေလော့။-